fbpx

Author Name: Peter Hollins

(421) The Science of Powerful Focus

သင်လက်ရှိသုံးနေတဲ့ Focus နဲ့ Productivity နည်းစနစ်တွေက သင့်အတွက် လုံလောက်ကောင်း လုံလောက်လိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်အရ အတူတကွ အလုပ်လုပ်ပုံကို နားမလည်ထားရင် ဖြစ်နိုင်ခြေတွေ အမြင့်ဆုံးကိုရောက်ရှိနိုင်မှာ မဟုတ်ပါဘူး။ “The Science of Powerful Focus” စာအုပ်ဟာဆိုရင် အကြီးမားဆုံး အလုပ်ပြီးမြောက်မှုနဲ့ ရည်မှန်းချက်တွေကို ရယူနိုင်စေမယ့် နည်းလမ်းတွေကို ပြသသွားမှာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ အာရုံစူးစိုက်မှု ရရှိနိုင်ပုံကို ရှု့ထောင့်မျိုးစုံကနေ သုံးသပ်ပြသသွားမှာပါ။

(414) The Science of Intelligent Decision-making

သင့်ရဲ့ ရွေးချယ်စရာ များစွာကြောင့် ရှေ့မဆက်နိုင်ဖြစ်နေသလား? သတင်းအမှားတွေ၊ သုံးသပ်မှုအမှားတွေကြောင့် အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးခံနေရသလား? သင်ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာ သင့်ရဲ့ အလိုလိုသိစိတ်ကိုပဲ ယုံကြည်နေလို့မရပါဘူး။ သင့်ရဲ့ ချဲ့ထွင်တွေးတောနိုင်စွမ်း၊ ကောင်းကျိုး၊ ဆိုးကျိုး နှိုင်းယှဉ်နိုင်စွမ်း၊ လမ်းမှားမရောက်အောင် ရှောင်လွှဲနိုင်စွမ်းတွေကို တိုးတက်စေဖို့ လိုပါတယ်။ ဒါကို “The Science of Intelligent Decision-making” စာအုပ်မှာ သင့်ဘဝကို ပြန်လည်ထိန်းချုပ်ပြီး၊ ဆုံးဖြတ်ချက်တွေရဲ့ ချုပ်ကိုင်လွှမ်းမိုးမှုကို မခံရစေဖို့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့ အဆုံးမှာ သင်ဟာ ကျရှုံးမှုနည်းလာမယ်၊ အချိန်ဖြုန်းခြင်းတွေ ရပ်တန့်သွားမယ်၊ နောင်တတွေကို ဘဝထဲက ထုတ်ပယ်လာနိုင်ပြီး၊ မှန်ကန်တဲ့ ရွေးချယ်မှုတွေက သင့်ကို ဖိအားတွေအောက်မှာ အကောင်းဆုံး တွေးခေါ်၊ စွမ်းဆောင်စေနိုင်မှာပါ။

(413) Endless Energy

သင့်ရဲ့ အကောင်းဆုံး ရည်ရွယ်ချက်တွေအားလုံးဟာ အကောင်အထည်ဖော်ဖို့ Energy မရှိရင် ကျရှုံးကြမှာပဲ။ ဒါကြောင့် ဇီဝကမ္မအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ပိုပြီး Energetic ဖြစ်ဖို့ လေ့လာဖို့ လိုလာတယ်။ ဒီအတွက် Peter Hollins ရဲ့ “Endless Energy” စာအုပ်က ကူညီနိုင်မှာပါ။ အလေ့အကျင့်အသစ်တွေ တည်ဆောက်ချင်သလား? ပိုပြီးစည်းကမ်းရှိချင်သလား? သင့်ဘဝကို လိုချင်တဲ့အတိုင်း အပြောင်းအလဲလုပ်ချင်သလား? ဒါတွေအားလုံးအတွက် မဟာဗျူဟာက နောက်မှလာတယ်။ အဓိကအရေးကြီးတာ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ Energy လိုတယ်။ သင်က သင်ကိုယ်တိုင်ရဲ့ ခွန်အားဖြစ်လာစေဖို့ “Endless Energy” စာအုပ်ထဲမှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

(412) The Science of Rapid Skill Acquisition

သင်ယူလေ့လာမှုဟာ သင့်ရဲ့လက်ရှိအခြေအနေကို တိုးမြှင့်ဖို့၊ ကိုယ်ဖြစ်ချင်တဲ့သူတစ်ယောက် ဖြစ်လာဖို့ အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။ Skills ၊ သတင်းအချက်အလက်နဲ့ အရည်အချင်းတွေဟာ သင့်ထံအလိုလို ရောက်လာမှာမဟုတ်တာကြောင့် ကိုယ်တိုင်ကိုယ်ကျ ရှာဖွေနိုင်ဖို့ လိုပါတယ်။ ဒီအတွက် အကောင်းဆုံးနည်းလမ်းနဲ့ ရှာဖွေနိုင်ပုံကို “The Science of Rapid Skill Acquisition” စာအုပ်က ပြသသွားမှာ ဖြစ်ပါတယ်။ “The Science of Rapid Skill Acquisition” စာအုပ်ဟာ အရည်အချင်းနဲ့ Skill အသစ်တွေကို ကိုယ်‌လို‌ချင်တဲ့နေရာ ရောက်ရှိနိုင်ဖို့ အကောင်းဆုံး အရင်းအမြစ်တစ်ခုပါပဲ။ စာအုပ်ထဲမှာဆိုရင် သတင်းအချက်အလက်တွေကို သင်ယူရာမှာ အဓိကကျတဲ့ အကြောင်းအရာတွေ၊ ကိုယ့်ရဲ့ အားသာချက်အတွက် ထိထိရောက်ရောက် အသုံးချနိုင်ပုံတွေကို စနစ်တကျ ရှင်းပြထားပါတယ်။

Toe Tet's Logo