(73) Company of One
Company of One ဆိုတာ ဘယ်လုပ်ငန်း အရွယ်အစားမဆို ကြီးထွားမှုတွေကို ရှောင်ရှားတဲ့ ချည်းကပ်နည်း ပုံစံအသစ်တစ်ခု ဖြစ်ပါတယ်။ Small Business အနေနဲ့ နေထိုင်ခြင်းအားဖြင့် ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ရှိတဲ့ အရာတွေနောက်လိုက်ဖို့ လွတ်လပ်မှု ပိုရှိလာမယ်၊ ဝန်ထမ်းတွေ၊ ရှည်လျားတဲ့ meeting တွေ၊ လုပ်ငန်းချဲ့ထွင်မှု ကိစ္စတွေကနေ ခေါင်းကိုက်ရတဲ့ အဖြစ်မျိုးတွေလည်း ရှောင်ရှားလာနိုင်ပါတယ်။ ‘Company of One’ စာအုပ်ဟာ တစ်မူထူးခြားတဲ့ စီးပွားရေး မဟာဗျူဟာတစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး၊ ကိုယ့်လုပ်ငန်းမှာ ဘယ်လိုအသုံးချနိုင်မလဲ၊ ငွေကြေးပုံမှန်လည်ပတ်နေအောင် ဘယ်လိုလုပ်ရမလဲ စတာတွေ ရှင်းပြပေးခဲ့ပါတယ်။ စာရေးဆရာ Paul Jarvis ဟာ ဖိအားတွေအောက်၊ လူထုရဲ့ အာရုံစိုက်မှုများစွာအောက်မှာ အလုပ်လုပ်ရတာဟာ သူ့ရဲ့အောင်မြင်မှုအတွက် စိတ်ကူးမဟုတ်မှန်း သိသွားတဲ့နောက် Corporate …