(159) Stop the Clock
အသက်အရွယ် ကြီးပြင်းလာခြင်းကို နှေးကွေးစေနိုင်သလို၊ နောက်ပြန်လှည့်သွားအောင်ပါ ပြုလုပ်နိုင်ပါတယ်။ အသက်ကြီးပြင်းလာခြင်း သိပ္ပံပညာ ဟာဆိုရင် ယခုနှစ်တွေမှာ များစွာ တိုးတက်ပြောင်းလဲလာပြီး၊ အသက်ကြီးပြင်းခြင်းကို ကောင်းမွန်အောင် ဝင်ရောက်စွက်ဖက်နိုင်တဲ့ အရာတွေ ပေါ်လာခဲ့ပါပြီ။ `Stop the Clock´ စာအုပ်ထဲမှာဆိုရင် စည်းကမ်းရှိရမယ့် နည်းလမ်းတချို့ကလွဲလို့ အကုန်ကျများစရာ ကိစ္စရပ်တွေ မပါဝင်ဘဲ အသက်ကြီးပြင်းခြင်းကို တားဆီးနိုင်မယ့် သိပ္ပံနည်းကျ စမ်းသပ်ချက်တွေသာ ပါဝင်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်က မြို့ပြတိုက်တွေလိုပဲ အသစ်တွေ တည်ဆောက်ဖို့ အဟောင်းတွေ ဖြိုချဖျက်ဆီး ပစ်ရတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်က ငယ်ရွယ်တုန်းမှာ ပြန်လည်သစ်လွင်အောင် ပြုပြင်ဖို့ လွယ်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ ထိုဖြစ်စဉ်က အားနည်းလာတယ်။ နာရီတွေကို ရပ်တန့်ပြီး ဘဝနေထိုင်မှုပုံစံကို အနည်းငယ် ချိန်ညှိရင်း ပြန်လည်ပြုပြင်နိုင်တဲ့ ဖြစ်စဉ်ကို အားကောင်းအောင် …