(253) Four Thousands Week
လူသားတွေရဲ့ ပျမ်းမျှသက်တမ်းဟာ တိုတောင်းလွန်းပါတယ်။ အသက် 80 အထိ နေထိုင်မယ်လို့ မှတ်ယူရင်တောင်၊ သင့်မှာ ရက်သတ္တပတ်ပေါင်း လေးထောင်ကျော်မျှသာ ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ လူတိုင်းဟာ သူတို့မှာ လုံလောက်တဲ့ အချိန်မရှိမှန်း သိမြင်နေကြတယ်။ ရှည်လျားတဲ့ To-do-list တွေ၊ ပြည့်နှက်နေတဲ့ Inboxes တွေ၊ အလုပ်နဲ့ ဘဝမျှတမှု၊ အာရုံလွင့်မှုတွေကြားမှာ ပိုပြီး Productive ဖြစ်ဖို့ ကြိုးစားနေပေမယ့် အရာမထင်ကြဘူး။ ဒီစိုးရိမ်စိတ်တွေကနေ အလျင်လိုမှုတွေဟာ ပိုပိုပြီးပဲ ပြင်းထန်လာကြတယ်၊ အဓိပ္ပာယ်ရှိတဲ့ ဘဝဆိုတာ ကျွန်တော်တို့ လက်လှမ်းမမီတဲ့ နေရာမှာ ရှိလို့နေတယ်။ ဒီနေ့စဉ်ရုန်းကန်နေရမှုတွေဟာ အချိန်စီမံခန့်ခွဲမှု ပြဿနာတွေနဲ့ အချိတ်အဆက်မိဖို့ အားနည်းလွန်းနေပါတယ်။ အတွေးအခေါ် ပညာရှင်၊ စိတ်ပညာရှင်တွေရဲ့ အတွေးအခေါ်တွေကတဆင့် အတွေးအမြင်တွေကို ရေးသားခဲ့တဲ့ Oliver Burkeman …