(340) The Psychology of Money
ငွေကြေးကို ကောင်းမွန်စွာ ကိုင်တွယ်တတ်ခြင်းက၊ သင်ဘာသိထားသလဲ ဆိုတာထက်၊ သင်ဘယ်လို ပြုမူသလဲဆိုတာနဲ့ ပိုသက်ဆိုင်တယ်။ ပြီးတော့ ဒီအမူအကျင့်တွေက Smart ဖြစ်တဲ့ သူတွေကိုတောင် သင်ပေးဖို့ ခက်ခဲနိုင်တယ်။ ကျွန်တော်တို့ဟာ ငွေကြေးနဲ့ ပတ်သက်ပြီး၊ သိပ္ပံနည်းကျပဲ သင်ကြားခြင်းခံခဲ့ရတယ်။ Data တွေ၊ Formula တွေက ကျွန်တော်တို့ လုပ်သင့်တာကို အတိအကျ ပြောပြပေးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ လူတွေဟာ Spreadsheet တွေနဲ့ ငွေကြေးဆုံးဖြတ်ချက်တွေ မချမှတ်ကြဘူး။ သူတို့ဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်သမိုင်းကြောင်း၊ ကိုယ်ပိုင်လောကကြီးကို မြင်တဲ့အမြင်၊ အတ္တ၊ ဂုဏ်ယူမှု စတာတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ကြတယ်။ “Psychology of Money” စာအုပ်ထဲမှာဆိုရင် စာရေးဆရာ Morgan Housel ဟာ လူတွေ ငွေကြေးနဲ့ပတ်သက်ပြီး …