(407) Millionaire MBA
“Millionaire MBA” စာအုပ်ထဲမှာဆိုရင် မီလီယံနာနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဖြစ်တဲ့ Duncan Bannatyne, Simon Woodroffe နဲ့ Sir Tom Hunter တို့လို သူတွေကို အတွင်းကျကျ Interview ထားတဲ့ အကြောင်းအရာတွေ ပါဝင်နေပါတယ်။ မေးခွန်းတစ်ခုချင်းစီက သူတို့ကို ဘယ်အရာတွေက အောင်မြင်စေခဲ့သလဲ၊ သူတို့ဘာကြောင့် အခုလို စီးပွားရေး ရလဒ်ကောင်းတွေကို ဆွတ်ခူးနိုင်ခဲ့ကြသလဲအထိ နက်နက်နဲနဲ မေးမြန်းထားပါတယ်။ ဒီကနေ အောင်မြင်တဲ့ မီလီယံနာ စွန့်ဦးတီထွင်တစ်ယောက်လို တွေးတတ်စေဖို့ သင်ပြပေးမယ့် “Millionaire MBA” စာအုပ်ကို ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။