(305) How Finance Works
သင်ဟာ နံပါတ်တွေကို ကြိုက်နှစ်သက်သူ မဟုတ်ရင် Finance ဟာ ကြောက်စရာကောင်းနိုင်သလို၊ လျစ်လျူရှုဖို့လည်း လွယ်လိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ Career မှာ နောက်တစ်ဆင့်တက်ချင်ရင်တော့ Smart ဖြစ်တဲ့ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့လိုလာပြီး၊ ဒီဆုံးဖြတ်ချက်တွေကို တခြားသူတွေဆီ ပြတ်ပြတ်သားသား ဆက်သွယ်၊ ပြောဆိုနိုင်ဖို့လိုပါတယ်။ “How Finance Work” စာအုပ်ထဲမှာဆိုရင် စာရေးဆရာ Mihir Desai ဟာ ရှုပ်ထွေးပေမယ့်၊ စိတ်ဝင်စားဖို့ကောင်းတဲ့ Finance လောကအကြောင်းကို ပြောပြသွားမှာပါ။ စာအုပ်ထဲမှာဆိုရင် ကုမ္ပဏီက သူ့ရဲ့ လုပ်ငန်းဆောင်တာ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ငွေကြေးထောက်ပံ့ပေးနိုင်ပုံအမျိုးမျိုး၊ Finance ကဘာကြောင့် အမြတ်ထက် ငွေကြေးလည်ပတ်မှုကို ပိုအာရုံစိုက်သလဲ၊ Value တွေ ဘယ်လိုဖန်တီး၊ တိုင်းတာ၊ မြှင့်တင်နိုင်သလဲ၊ ကုမ္ပဏီတစ်ခု ကြီးထွားဖို့ …