(509) Wealthology

ငွေကြေးတွေကို စီမံခန့်ခွဲတဲ့နေရာတွေမှာ၊ ငွေကြေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အသိစိတ်နဲ့ ပြုလုပ်ဆောင်ရွက်တဲ့ အရာတွေရှိသလို၊ မသိစိတ်ကနေ လွှမ်းမိုးနေတဲ့အရာတွေလဲ ရှိတတ်ပါတယ်။ Michelle Lowbridge ရေးသားထားတဲ့ Wealthology ဆိုတဲ့ စာအုပ်ထဲမှာဆိုရင်တော့ ငွေကြေးနဲ့ပတ်သက်ပြီး မသိစိတ်ကနေ ပိတ်ဆို့တားဆီးနေတဲ့ အဟန့်အတားတွေကို ကျော်လွှားနိုင်ဖို့အတွက် နည်းလမ်းကောင်းတချို့ပါရှိပါတယ်။ ဒီစာအုပ်လေးထဲမှာဆိုရင်တော့ ဘာကြောင့် ကိုယ့်ရဲ့ မသိစိတ်ထဲမှာ ငွေကြေးကြွယ်ဝချမ်းသာမှုနဲ့ ပတ်သက်ပြီး အတားအဆီးတွေဖြစ်ပေါ်နေလဲ၊ ဒါတွေကို ဘယ်လိုဖယ်ရှားနိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။ Coach တွေ အနေနဲ့လဲ ကိုယ့်ရဲ့ Client တွေမှာ ရှိနိုင်တဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ တားဆီးပိတ်ဆို့မှုတွေကို ရှာဖွေတွေ့နိုင်တဲ့ လူအမျိုးအစား ( ၆ ) မျိုး အကြောင်းကိုလဲ ရှင်းလင်းစွာဖော်ပြထားပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နိုင်တဲ့ စိတ်ခံစားချက်တွေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေပါ ပါရှိတဲ့အတွက် မိတ်ဆွေက […]

(509) Wealthology Read More »