(231) The first 90 days
ရာထူးအပြောင်းအလဲတွေဟာ ခေါင်းဆောင်တွေအတွက် အရေးကြီးဆုံး အချိန်တစ်ခုပါပဲ။ အများစုက ရာထူးအသစ်ကို ကူးပြောင်းရတာဟာ စိန်ခေါ်မှုအမြင့်မားဆုံးလို့ ခံယူထားကြတယ်။ ရာထူးပြောင်းလဲမှုဟာ အသစ်ကစတင်ဖို့၊ လုပ်ငန်းအဖွဲ့အစည်းမှာ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ အခွင့်အရေးပေးနိုင်ပေမယ့်၊ ခေါင်းဆောင်တွေကို အားနည်းစေမယ့် နေရာတစ်ခုမှာ ရှိနေစေတယ်။ ‘The First 90 Days’ စာအုပ်မှာ Michael D. Watkins ဟာ ရာထူးအပြောင်းအလဲနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို အနိုင်ရရှိစေမယ့် မဟာဗျူဟာတွေ ပြသသွားခဲ့တယ်။ စာရေးဆရာဟာ ရာထူးအပြောင်းအလဲအပေါ် ဖြစ်နိုင်ခြေရှိတဲ့ ဥပမာတွေကို ပြောပြသွားခဲ့တယ်။ ဒါ့အပြင် ခေါင်းဆောင်အသစ်တွေ ကြုံရလေ့ရှိတဲ့ ထောင်ချောက်တွေကို ဖော်ထုတ်သွားပြီး၊ ရှောင်ရှားနိုင်မယ့် Tools နဲ့ Strategies တွေကို ရေးသားပြခဲ့တယ်။ ဒါကြောင့် သင်ဟာ အခုမှ အလုပ်စဝင်ခါစ …