(394) Do More Great Work
သင်ဟာ အလုပ်ကို ကြိုးစားတယ်၊ နာရီပေါင်းများစွာ အလုပ်လုပ်တယ်။ ဒါတောင်မှ သင်ဟာ သာမန်အလုပ်တွေနဲ့ပဲ နပန်းလုံးနေရပြီး၊ ဘယ်အရာကမှ သင့်ကို ရှေ့မရောက်စေဘူး ဖြစ်နေတယ်။ ပိုဆိုးတာက တစ်ခါတလေ မပြီးဆုံးနိုင်တဲ့ Meeting တွေ၊ Energy ကို စုပ်ယူတဲ့ ရုံးပိုင်းအလုပ်တွေကြား ပိတ်မိနေတတ်တယ်။ “Do More Great Work” စာအုပ်ဟာဆိုရင် ဒီပြဿနာတွေရဲ့ အရင်းအမြစ်ကို ဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာဆိုရင် ကိုယ်ရဲ့ အကောင်းဆုံး အလုပ်တွေဖြစ်တဲ့ Great Work ကို ရှာတွေ့နိုင်ပုံ၊ ကိုယ်လုပ်ချင်တာနဲ့ ကိုယ့်လုပ်ငန်းက ကိုယ့်ကို လုပ်စေချင်တာကြားမှာ မျှတတဲ့နေရာတစ်ခုကို ရှာဖွေပုံ၊ Ideas နဲ့ ဖြစ်နိုင်ခြေအသစ်တွေ ဖန်တီးပုံ၊ ကိုယ်လုပ်ချင်တာကို လုပ်ဖြစ်ဖို့ နှစ်ဆသေချာစေပုံ စတာတွေကို လေ့လာရမှာပါ။ …