( 268) The Entrepreneur’s Solution
‘The Entrepreneur’s Solution’ စာအုပ်ဟာ ကျွန်တော်တို့ အားလုံးရဲ့ စွန့်ဦးတီထွင် ဝိညာဉ်တွေဖြစ်တဲ့ ကိုယ့်ရဲ့အကောင်းဆုံး ဖြစ်နိုင်ချေတွေ ရယူလိုတဲ့တွန်းအားကို ပြန်လည်နှိုးဆွပေးမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စတင်ခါစ လုပ်ငန်းတွေ၊ လုပ်ငန်းရှင်တွေ ကစားပွဲရဲ့ စည်းကမ်းချက်အသစ်တွေကို နားလည်ဖို့ မဖြစ်မနေ လိုအပ်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ စာအုပ်ထဲမှာ Mel Abraham ရဲ့ နစ်ရှည်လများ စွန့်ဦးတီထွင်၊ အကြံပေး၊ Mentor အဖြစ် အတွေ့အကြုံများစွာကတဆင့် တည်ဆောက်ထားတဲ့ Frameworks တွေနဲ့ ပြည့်နှက်နေပါတယ်။ ‘The Entrepreneur’s Solution’ စာအုပ်ဟာ သင့်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကို အကောင်းဆုံး အသုံးချနိုင်ပုံ၊ အရင်ပုံစံအဟောင်းထဲက ရုန်းထွက်နိုင်ပုံ၊ သင့်ဘဝကို သင့်ရည်ရွယ်ချက်တွေနဲ့ တစ်သားတည်းကျစေနိုင်ပုံ စတာတွေကို ရေးသားထားပါတယ်။ ဒီ Framework တွေနဲ့ …