(200) Genius Foods
‘Genius Foods’ စာအုပ်ထဲမှာဆိုရင် စာရေးဆရာ Max Lugavere ဟာ ဦးနှောက်ကို အကောင်းဆုံး အလုပ်လုပ်စေဖို့အတွက် နားလည်ရလွယ်တဲ့ လမ်းပြမှုတွေကို ပြသခဲ့ပါတယ်။ စာရေးဆရာဟာ ကျွန်တော်တို့ရဲ့ ဘဝနေထိုင်ပုံ၊ စားသောက်ပုံနဲ့ ဦးနှောက်ရဲ့ Functions တွေကြားက ဆက်စပ်မှုကို ဖော်ထုတ်သွားခဲ့ပါတယ်။ အစားအသောက်တွေက ကျွန်တော်တို့ရဲ့ အာရုံစိုက်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း စတာတွေအပေါ် သက်ရောက်မှု ရှိစေပုံကိုလည်း ရေးသားသွားပြီး ‘Genius Foods’ စာအုပ်မှာဆိုရင် -မှတ်ဉာဏ်နဲ့ စိတ်ကြည်လင်ပြတ်သားမှုကို တိုးမြှင့်နိုင်မယ့် အစာအာဟာရတွေ -သင့်ရဲ့ ဦးနှောက်ကို ခွန်အားဖြည့်တင်းပေးနိုင်မယ့် အစားအစာတွေ -သင့်ရဲ့ ပျော်ရွှင်မှုကို တိုးမြှင့်ပေးနိုင်မယ့် အစားအစာတွေ အစရှိတာတွေ ပါဝင်တာကြောင့် ‘Genius Foods’ စာအုပ်နဲ့ဆိုရင် စိတ်ရှုပ်ထွေးမှုတွေ လျှော့ချနိုင်ပြီး ဦးနှောက် …