(544) Black Box Thinking

“Black Box Thinking” စာအုပ်ထဲမှာဆိုရင် စာရေးဆရာ Matthew Syed ဟာ ဘယ်နယ်ပယ်မှာမဆို အောင်မြင်မှုကို သတ်မှတ်ပေးတာက ကျရှုံးမှုတွေကို အသိမှတ်ပြုခြင်းဖြစ်ကြောင်း ပြောပြသွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့အများစုက တီထွင်ဆန်းသစ်မှုတွေကို ရပ်တန့်စေပြီး၊ Career နဲ့ Personal ဘဝကို ပျက်စီးစေတဲ့ ကျရှုံးမှုတွေကြား ပိတ်မိနေကြတယ်။ ဒီကျရှုံးမှုတွေကို အသိမှတ်မပြုတဲ့အပြင် ငြင်းဆိုနေကြတယ်။ ဒါကြောင့် Syed ဟာ စိတ်ပညာ၊ သမိုင်းနဲ့ ရှုပ်ထွေးတဲ့ သီအိုရီများစွာကတစ်ဆင့် ကျယ်ပြန့်တဲ့ အရင်းအမြစ်တွေကို ယူဆောင်ပြီး လူ့သဘာဝမှာ Error ရှိနေတဲ့ နေရာတွေကို စူးစမ်းလေ့လာသွားမှာ ဖြစ်ပါတယ်။