(527) 55 Questions To Ask Yourself

ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေပြန်မေးခြင်းဖြင့် ကိုယ်တိုင်မသိခဲ့တဲ့ ကိုယ့်ရဲ့အကြောင်းတွေကို ပြန်လည် ရှာဖွေနိုင်ပြီး၊ ကိုယ့်ရဲ့ ပိုကောင်းတဲ့ version အသစ်ကို ဖန်တီးနိုင်တယ်ဆိုတာ မိတ်ဆွေသိပြီးပြီလား? ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေပြန်မေးတယ်ဆိုတဲ့နေရာမှာ အမှန်တကယ် စစ်မှန်တဲ့ကိုယ့်ကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မှန်ကန်တဲ့မေးခွန်းတွေကို ပြန်မေးဖို့အတွက် လိုအပ်ပါတယ်။ Manoj Chenthamarakshan ရေးသားခဲ့တဲ့ စာအုပ်လေးထဲမှာဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ လမ်းပျောက်နေရင်ဘဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ်ပြန်လည်စမ်းစစ်ချင်ရင်ဘဲဖြစ်ဖြစ်၊ ကိုယ့်အကြောင်းကိုယ် နက်နက်နဲနဲသိရှိချင်ရင်ဘဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ပြန်မေးလို့ရနိုင်မယ့် Coaching Questions 55 ခု ပါဝင်ပါတယ်။ မေးခွန်း ၅၅ ခုထဲမှာဆိုရင်လဲ ကိုယ့်ကိုယ်ကိုရှာတွေ့နိုင်မယ့် မေးခွန်းတွေအပြင် ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ၊ ယုံကြည်မှုနဲ့ တန်ဖိုးထားမှုတွေ၊ အလေ့အကျင့်တွေ၊ အခွင့်အရေးတွေ၊ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး မေးခွန်းကောင်းများစွာပါရှိတဲ့အတွက် မိတ်ဆွေတို့အတွက်  ရွေးခြယ်မိရင် မမှားနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

(527) 55 Questions To Ask Yourself Read More »