(29) How to talk to anyone
တချို့သောလူတွေဟာ သူတို့ကိုမြင်တာနဲ့ ချက်ချင်းချစ်ခင်၊ လေးစားတဲ့စိတ်တွေ ဖြစ်ပေါ်လာစေတာ ဘာကြောင့်လဲ? လူတွေအားလုံး သူတို့နဲ့ခင်ချင်၊ သူငယ်ချင်းဖြစ်ချင်ပြီး လုပ်ငန်းခွင်မှာဆိုလည်း အောင်မြင်မှုတွေ ရရှိကြတယ်။ ဒါတွေအားလုံးဟာ လူတွေနဲ့ကျွမ်းကျင်စွာ ပေါင်းသင်းဆက်ဆံတတ်ခြင်းကြောင့် ဖြစ်ပါတယ်။ Leil Lowndes ဟာ သူမရဲ့ ဘဝတစ်လျှောက် လူတွေကို ကျွမ်းကျင်စွာ ပေါင်းသင်းဆက်ဆံတတ်စေမယ့် နည်းလမ်းတွေကို သင်ကြားပို့ချခဲ့ပါတယ်။ သူမရဲ့`How To Talk To Anyone´ စာအုပ်မှာဆိုရင် လူတွေနဲ့ စတွေ့တဲ့အချိန်မှာ နှုတ်ဆက်တဲ့ ပုံစံကစလို့ ဘဝမှာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာတဲ့အထိ အသုံးချနိုင်မယ့် နည်းလမ်း 92ချက်ကို ရေးသားခဲ့ပါတယ်။ စာအုပ်ထဲမှာဆိုရင်•လူတွေနဲ့ စစတွေ့ချင်း First Impression ကောင်းအောင် ဘယ်လိုလုပ်မလဲ၊ •လမ်းလျှောက်၊ စကားပြောတဲ့အခါ ကိုယ်ဟန်အနေအထား ဘယ်လိုထားမလဲ၊•Celebrity တစ်ယောက်လို လူတွေကြားထဲ …