(2) NLP Workbook
Joseph O’Connor ရဲ့ ‘NLP Workbook’ စာအုပ်ဟာဆိုရင် NLP ကိုအခုမှစလေ့လာမယ့်သူတွေ၊ လက်တွေ့အသုံးချချင်တဲ့ သူတွေအတွက် ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Neuro-Linguistic Programming(NLP)ပညာရပ်ဟာ လူတွေရဲ့စိတ်ဟာ Computer တစ်လုံးအလုပ်လုပ်ပုံနဲ့ တူတယ်ဆိုတဲ့ Idea ပေါ်မှာ အခြေခံပါတယ်။ ကျွန်တော်တို့ရဲ့ စကားသံ၊ Body Language တွေဟာ ကျွန်တော်တို့ရဲ့ အတွေးတွေကို ပြောင်းလဲနိုင်တဲ့ programmes တွေဖြစ်သလို တခြားသူတွေကိုပါ လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ ဥပမာ ခန္ဓာကိုယ်အမူအရာ၊ စကားလုံးတွေသုံးပြီး တစ်ဖက်သူနဲ့ တစ်သားတည်းကျအောင် လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ မသိစိတ်က ဒီနည်းလမ်းတွေကို အသုံးပြုနေပြီးသားဖြစ်တာကြောင့် NLP ကကျွန်တော်တို့ သိထားတာတွေကို ရှင်းလင်းသွားအောင် ကူညီပေးနိုင်ပါတယ်။ ဒီစာအုပ်ဟာဆိုရင် NLP ပညာရပ်ကို အိမ်မှာပဲ လေ့လာလိုသူတွေအတွက် လွယ်လွယ်ကူကူ လိုက်လုပ်နိုင်မယ့် …