(400) Why Do I Do That
“Why Do I Do That” စာအုပ်ဟာ Psychodynamic Psychotherapy ရဲ့ အခြေခံကျတဲ့ မဟာဗျူဟာတွေကို Course တစ်ခုအဖြစ် ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ နားလည်လွယ်တဲ့ ရှင်းပြမှုပုံစံနဲ့အတူ ပထမပိုင်းမှာ မသိစိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံမှုရဲ့ ကဏ္ဍအကြောင်းကို ပြောပြသွားမှာပါ။ နောက်အပိုင်းတွေမှာတော့ စိတ်ပိုင်းဆိုင်ရာ ခုခံမှုရဲ့ အဓိကကျတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားမှာဖြစ်ပြီး၊ နောက်ဆုံးအပိုင်းကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ခုခံမှုတွေကို တိုက်ဖျက်ဖို့ လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခုခံမှုတွေဟာ လူ့သဘာဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့်၊ ပြင်းထန်လွန်းရင် ကိုယ့်ရဲ့ ဆက်ဆံရေးတွေကို ပျက်စီးစေနိုင်လို့၊ ကောင်းကောင်း ကိုင်တွယ်တတ်ဖို့လိုပါတယ်။