(283) Invisible Influence
ကျွန်တော်တို့ သတိမမူမိခင်မှာတင်၊ တခြားသူတွေရဲ့ အမူအကျင့်တွေက ကိုယ့်ရဲ့နေ့စဉ် လုပ်ရပ်တွေအပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှုတွေ ရှိနေပါတယ်။ သူစိမ်းတွေတောင်မှ ကျွန်တော်တို့ရဲ့ အကဲဖြတ်မှု၊ ဆုံးဖြတ်ချက်ချမှုတွေအပေါ် သက်ရောက်မှု ရှိနေကြတယ်။ ဒါပေမယ့် Social Influence က လူတွေကို တစ်ပုံစံတည်း လိုက်လုပ်စေခြင်းပဲ မဟုတ်ပါဘူး။ တချို့ကိစ္စတွေမှာ သူများကို ပုံတူလိုက်ကူးကြပေမယ့်၊ တချို့အချိန်တွေမှာတော့ တခြားသူတွေ လုပ်နေကြတဲ့ အမူအကျင့်၊ ရွေးချယ်မှုတွေကို ရှောင်ရှားမိတဲ့ အချိန်တွေ ရှိပါတယ်။ Social Influence ကို နားလည်ထားမယ်ဆိုရင် ကျွန်တော်တို့ ဘယ်အချိန်မှာ ခုခံမလဲ၊ ဘယ်အချိန်မှာ ရင်ဆိုင်မလဲ ဆုံးဖြတ်တတ်လာပြီး၊ ဒီအသိပညာတွေကို အသုံးချရင်း ကိုယ့်အမူအကျင့်တွေအပေါ် ပိုထိန်းချုပ်မှု ရှိလာနိုင်ပုံကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ “Invisible Influence” စာအုပ်မှာဆိုရင် Jonah …