(396) What makes love last
ကမ္ဘာကျော် Relationship ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ John Gottman ဟာ အချစ်နဲ့ ပတ်သက်သလို၊ ယုံကြည်၊ တည်မြဲနိုင်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာဖို့ လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ စူးစမ်းလေ့လာမှုတွေကို “What Makes Love Last” စာအုပ်ထဲမှာ မျှဝေသွားခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် စိတ်ပညာရှင်နဲ့ Couple Counselor တစ်ယောက်ဖြစ်တဲ့ John Gottman ဟာ အချစ်ဆိုတာ ဘယ်ကလာသလဲ၊ အချစ်ကို ဘယ်အရာတွေက တည်မြဲစေပြီး၊ ဘယ်အရာတွေက မှေးမှိန်စေသလဲ၊ အချစ်ကို ရှင်သန်နေအောင် ဘယ်လိုလုပ်မလဲ စတာတွေကို လေ့လာတွေ့ရှိမှုတွေက တဆင့် စာအုပ်ထဲမှာ ပြသသွားမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ပျက်စီးနေတဲ့ ဆက်ဆံရေးရဲ့ လက္ခဏာတွေကို ဖော်ထုတ်ပြီး၊ ပြန်လည်ပြုပြင်နိုင်ဖို့ မဟာဗျူဟာတွေ ပြသသွားမှာ ဖြစ်ပါတယ်။