(548) Get to the point

ခုလိုမျိုး သတင်းအချက်အလက်တွေ များပြားနေတဲ့ကမ္ဘာကြီးမှာ သင့်ရဲ့အတွေးအမြင်တွေကို ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ဖော်ပြဖို့က အရင်ကထက်ပိုပြီး အရေးကြီးပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးသူက လူရှေ့မှာစကားပြောတာပဲဖြစ်ဖြစ်၊ Email ရေးတဲ့အခါမှာပဲဖြစ်ဖြစ်၊ လူတွေနဲ့ဆက်သွယ်ဆက်ဆံတဲ့အခါမှာပဲ ဖြစ်ဖြစ် ကိုယ်ပေးချင်တဲ့ Message ကို ကိုယ့်ကိုကိုယ့်ယုံကြည်မှုရှိရှိနဲ့ ဘယ်လိုပြောရမလဲဆိုတဲ့ အကြံဉာဏ်တွေကို ပေးထားပါတယ်။ သူပေးထားတဲ့ အကြံဉာဏ်တွေက လူကြားထဲမှာ ကိုယ့်အကြံဉာဏ်တွေကို ဖော်ထုတ်ပြချင်တဲ့သူတွေအတွက် ကောင်းမွန်တဲ့ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။ Joel Schwartzberg ရေးထားတဲ့ Get To the Point စာအုပ်က လူတွေနဲ့ Communicate လုပ်ရတဲ့သူတွေတိုင်းအတွက် ပိုပြီးထိထိရောက်ရောက်ပြောနိုင်ဖို့ လက်တွေ့ကျတဲ့နည်းစနစ်တွေကို ပြောပြပေးထားတဲ့အတွက် မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။