(648) Verbal Judo

စကားပြောတဲ့အခါမှာ ငြင်းခုံကြပြီး နောက်ဆုံးမှာ အရှုံးပေးရဖူးလား?ကိုယ့်ရဲ့ တစ်နေ့တာမှာ ပြောဆိုဆက်ဆံရတဲ့ စကားဝိုင်းတွေကနေ အောင်မြင်မှုဆီကို ရောက်နိုင် မရောက်နိုင် ဆုံးဖြတ်နိုင်တယ်ဆိုတာကိုရော ယုံကြည်လား?များသောအားဖြင့် လူတွေက နေ့စဉ်စကားဝိုင်းတွေကနေပြောလေ့ရှိတဲ့ စကားတွေက အောင်မြင်မှုရရှိခြင်း ရှိမရှိနဲ့ သက်ဆိုင်တယ်လို့ဆိုကြပါတယ်။အစရှိတဲ့ အတွေးအခေါ်ပညာရပ်တွေကနေအစပြုပြီး တစ်နေ့တာဖြတ်သန်းရာမှာ စကားပြောဆိုဆက်ဆံကြတဲ့အချိန်တွေမှာ အသုံးဝင်စေဖို့ မိတ်ဆွေတို့လေ့လာနိုင်မယ့် Verbal Judo ဆိုတဲ့ စာအုပ်လေး တစ်အုပ်ရှိပါတယ်။Verbal Judo ဆိုတဲ့ စာအုပ်လေးကိုတော့ George J. Thompson နဲ့ Jerry B. Jenkinsရေးသားထားပြီး အပြုအမူတိုင်းမှာ ဘယ်လိုပြုမူဆောင်ရွက်တာအကောင်းဆုံးဖြစ်မလဲဆိုတဲ့အကြောင်းတွေ၊ ထိရောက်စွာ ဘယ်လိုနားထောင်ပြီး စကားပြန်ပြောနိုင်မလဲဆိုတဲ့အကြောင်းတွေ၊ လူတွေကို ကိုယ်ချင်းစာတရားထားပြီး ဘယ်လိုဆက်ဆံနိုင်မလဲဆိုတဲ့အကြောင်းတွေ၊ ပတ်ဝန်းကျင်မှာ စကားပြောဆိုဆက်ဆံရာမှာ အနှောင့်အယှက်တွေကိုရှောင်ရှားပြီး ဘယ်လိုပြောဆိုဆက်ဆံနိုင်မယ်ဆိုတဲ့အကြောင်းတွေကို ဖော်ပြထားပါတယ်။တကယ်လို့မိတ်ဆွေအနေနဲ့ ဘဝမှာ အောင်မြင်မှုလမ်းကြောင်းစီ လျှောက်လှမ်းနေတဲ့ သူတစ်ဦးဆိုရင်ဒီစာအုပ်လေးကို […]

(648) Verbal Judo Read More »