(290) Brand New Name

ကုမ္ပဏီ၊ ထုတ်ကုန်၊ ဝန်ဆောင်မှု၊ အိုင်ဒီယာ အစရှိတာတွေကို သင်ဘယ်လိုနာမည်ပေးသလဲက သင့်စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေထဲက အရေးကြီးဆုံးတစ်ခုပဲ ဖြစ်ပါတယ်။ သာလွန်တဲ့ နာမည်တစ်ခုဟာ သင့်စီးပွားရေးလုပ်ငန်းကို သတ်မှတ်ပေးပြီး၊ အနာဂတ်ကို ပုံဖော်ပေးနိုင်ပါတယ်။ “Brand New Name” စာအုပ်ဟာ ဘယ်အရာကိုမဆို နာမည်ပေးပုံ၊ နာမည်ပြောင်းပုံတွေကို ပြသသွားမှာဖြစ်ပါတယ်။ သင့်အနေနဲ့ နာမည်တွေက လူတွေကို ဘယ်လိုဆွဲဆောင်သလဲ၊ စိတ်ထဲမှာ ဘယ်လိုစွဲလမ်းသွားစေသလဲ၊ ထင်ရှားတဲ့ Brands တွေရဲ့ မူလသမိုင်းကြောင်းတွေကို စာအုပ်ထဲမှာ ရှာဖွေလေ့လာရမှာပါ။ “Brand New Name” စာအုပ်ဟာ လက်တွေ့ဆန်တဲ့ How-to နည်းလမ်းတွေကို ဥပမာများစွာ၊ အားတက်စရာ ပုံပြင်များစွာနဲ့ စုစည်းပေးထားတာကြောင့်၊ သင်ပိုင်ဆိုင်ရ ဂုဏ်ယူရစေမယ့် နာမည်တစ်ခု ဖန်တီးနိုင်မှာဖြစ်ပါတယ်။