(348) Attitude is Everything
သင်သာ အိပ်မက်မက်နိုင်ရင်၊ တကယ်လည်း အကောင်အထည်ဖော်နိုင်ပါတယ်။ သင့်ကိုယ်သင် အလုပ်သွားဖို့ တွန်းနေရလား? မောပန်း၊ မပျော်ရွှင်၊ စိတ်ဓာတ်ကျနေသလား? သင့်ရဲ့အိပ်မက်တွေအပေါ် လက်လျှော့လိုက်ပြီလား? ပိုပြီးပျော်ရွှင်၊ အောင်မြင်တဲ့ဘဝက သင့်ရဲ့ စိတ်နေစိတ်ထား Attitude ကနေ စတင်ပါတယ်။ “Attitude is Everything” စာအုပ်ထဲမှာဆိုရင် စာရေးဆရာ Jeff Keller ဟာ သင့်ရဲ့ ကိန်းအောင်းနေတဲ့ အလားအလာတွေ ထွက်ပေါ်လာနိုင်စေမယ့် အဆင့်သုံးဆင့်ဖြစ်တဲ့ THINK!, SPEAK!, ACT! အကြောင်းကို ပြောပြသွားခဲ့ပါတယ်။ ဒီအဆင့်တွေနဲ့ သင့်ရဲ့ Attitude ကို ပြောင်းလိုက်တာနဲ့၊ သင့်ရဲ့အိပ်မက်တွေ လက်တွေ့ဖြစ်လာစေပြီး၊ မကြာခင်မှာ ဖြစ်နိုင်ခြေအသစ်တွေ၊ ခွန်အားအသစ်တွေ ရရှိလာစေမှာ ဖြစ်ပါတယ်။