(193) 101 Creative Problem Solving Techniques
စီးပွားရေးလောကမှာ အပြောင်းအလဲ မြန်ဆန်လာတာနဲ့အမျှ ရှုပ်ထွေးမှုတွေလည်း များပြားလာပါတယ်။ ဒါကြောင့် ရှင်သန်ချင်ရင် တီထွင်ဖန်တီးမှုရှိရှိ ပြဿနာဖြေရှင်းနိုင်စွမ်းဟာ အလွန်အရေးပါလာပါတယ်။ James M. Higgins ရဲ့ ‘101 Creative Problem Solving Techniques’ စာအုပ်ဟာ အဆင်ပြေလွယ်ကူပြီး လက်တွေ့ဆန်တဲ့ နည်းစနစ်တွေပါဝင်တာကြောင့် လူတိုင်း အလွယ်တကူ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာဆိုရင် ပြဿနာတွေကို Creative ဖြစ်ဖြစ် ဖြေရှင်းနည်း 101 ခုကို ပြသသွားပြီး၊ စိတ်ဝင်စားဖွယ် အနုပညာလက်ရာမြောက်စွာ ရေးဆွဲထားတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ စာအုပ်ထဲမှာဆိုရင် ဒီနည်းလမ်းတွေကို Company မျိုးစုံမှာ အသုံးပြုနိုင်ပုံကို လက်တွေ့ဘဝ ဥပမာတွေနဲ့ တကွ ပြသထားပါတယ်။ ပြဿနာဖြေရှင်းမှုစွမ်းရည်ဟာ ကျောင်းမှာ မသင်ခဲ့ရပေမယ့် လူတွေနဲ့ အလုပ်လုပ်တဲ့အခါ အရေးပါတာကြောင့် …