(687) The Winner Effect

“The Winner Effect” စာအုပ်ထဲမှာဆိုရင် Ian H. Robertson က အောင်မြင်မှု၊ ရှုံးနိမ့်မှုနဲ့ ဆက်နွယ်နေတဲ့ Neuroscience အကြောင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Robertson ဟာဆိုရင် အနိုင်ရရှိမှုတွေက ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ အမူအကျင့်တွေကို ပြောင်းလဲစေပြီး Winner Effect လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုဆီ ဦးတည်စေကြောင်း ရှာဖွေဖော်ထုတ်သွားခဲ့တယ်။ ဒီစာအုပ်ဟာဆိုရင် အောင်မြင်မှုတွေရဲ့ နောက်ကွယ်က အာရုံကြောဆိုင်ရာဖြစ်စဉ်တွေ၊ ကျွန်တော်တို့ရဲ့ အနာဂတ် လုပ်ရပ်၊ ဆုံးဖြတ်ချက်တွေအပေါ်မှာ သက်ရောက်မှုရှိနိုင်ပုံတွေကို ရေးသားဖော်ပြထားတဲ့အတွက် အောင်မြင်မှုဖြစ်ပေါ်လာပုံကို သိပ္ပံနည်းကျသိချင်တယ်ဆိုရင် ဖတ်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။