(228) Make it Stick
ကျွန်တော်တို့အများစုအတွက် တစ်ခုခုကို ခက်ခဲတဲ့နည်းလမ်းနဲ့ သင်ယူရခြင်းဟာ အချိန်နဲ့ အားထုတ်မှုကို ဖြုန်းတီးတယ်လို့ ထင်ရစေတယ်။ အသင်ပြကောင်းတယ်ဆိုတာ မတူညီတဲ့ ကျောင်းသားတွေရဲ့သင်ယူမှု ပုံစံတွေကို တီထွင်ဆန်းသစ်စွာ ချိန်ညှိပေးနိုင်ဖို့ လိုပြီး၊ ပိုလွယ်ကူစေနိုင်မယ့် မဟာဗျူဟာတွေကို အသုံးပြုသင့်ပါတယ်။ ‘Make It Stick’ စာအုပ်ဟာ Cognitive Psychology နဲ့ ပတ်သက်ပြီး လက်ရှိလေ့လာတွေ့ရှိမှုတွေ၊ ပိုပြီး Productive ဖြစ်တဲ့ သင်ယူသူတွေ ဖြစ်လာနိုင်စေမယ့် နည်းစနစ်တွေကို ပြသသွားခဲ့ပါတယ်။ မှတ်ဉာဏ်ဟာ ကျွန်တော်တို့ရဲ့ ရှုပ်ထွေးတဲ့ Cognitive Tasks တွေဖြစ်တဲ့ မတွေ့ကြုံဖူးတဲ့ ပြဿနာတွေမှာ အသိပညာကို အသုံးချရင်ဖြစ်စေ၊ သိပြီးသား အချက်အလက်တွေကနေ ကောက်ချက်ချရင်ဖြစ်စေ အဓိကပါဝင် ပတ်သက်လျက်ရှိပါတယ်။ မှတ်ဉာဏ်ကို အသုံးချပုံ၊ စုစည်းပုံ၊ ထိန်းသိမ်းထားပုံတွေဟာ သင်ယူထားတာတွေအပေါ်မှာ ပိုမိုနားလည်မှုကို …