(547) Think

Guy P. Harrison ရေးသားထားတဲ့ “Think: Why You Question Everything” အမည်ရတဲ့ စာအုပ်လေးကတော့ ဝေဖန်ပိုင်းခြားတွေးခေါ်မှုတွေကို လှုံ့ဆော်ပေးနိုင်တဲ့ စာအုပ်ဖြစ်ပြီး စာဖတ်သူတွေကို ယုံကြည်ချက်၊ ယူဆချက်တွေနဲ့ အတွေးအခေါ်တွေကို မေးခွန်းထုတ်နိုင်ဖို့အတွက် အကူအညီပေးနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တွေးခေါ်မှုနဲ့ ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်တွေက နေ့စဉ်ဘဝဖြတ်သန်းမှု နယ်ပယ်တိုင်းမှာ များစွာအရေးပါပါတယ်။ တွေးခေါ်မှုနဲ့ ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်တွေကို လွှမ်းမိုးနိုင်တဲ့ သိမြင်မှုဆိုင်ရာအမျိုးမျိုး၊ ဘက်လိုက်မှုအမျိုးမျိုးနဲ့ မှားယွင်းမှုတွေကို စနစ်တကျသိရှိထားပြီး လိုက်ပါကျင့်သုံးနိုင်ရင်တော့ ဘဝကို ကောင်းမွန်စွာပုံဖော်နိုင်မှာ မလွဲမသွေပါဘဲ။ ဒီစာအုပ်ထဲမှာ ဆိုရင်တော့ စာရေးသူက သတင်းအချက်အလက်၊ ထင်မြင်ချက်တွေနဲ့ မတူကွဲပြားတဲ့ ရှုထောင့်တွေ ပြည့်နှက်နေတဲ့ ယနေ့ခေတ်ကမ္ဘာကြီးမှာ ဝေဖန်ပိုင်းခြားတွေးခေါ်မှုရဲ့ အရေးပါပုံကို အလေးပေးဖော်ပြထားပါတယ်။ စာရေးသူ Harrison က စာဖတ်သူတွေကို အပြုသဘောဆောင်သော […]

(547) Think Read More »