(505) Essentialism
ပျော်ရွှင်မှုရဲ့ ရန်သူက ရှုပ်ထွေးမှုပဲဖြစ်ပါတယ်။ ရှုပ်ထွေးမှုရဲ့ ဆန့်ကျင်ဖက်ကို ကြည့်လိုက်ရင် ရှင်းလင်းမှုကို မြင်ရပါလိမ့်မယ်။ ရှင်းလင်းမှုကို သိလာတဲ့အခါ ကျွန်တော်တို့ဘဝက ပိုပြီး နေလို့ထိုင်လို့ ကောင်းလာပါလိမ့်မယ်။ ဒီလိုမျိုး ရှင်းရှင်းလင်းလင်း သိဖို့အတွက် ကိုယ့်ဘဝမှာ ဘာကအရေးပါလဲ၊ ဘာကမရှိမဖြစ်လိုအပ်လဲဆိုတာကို သိအောင်လုပ်ဖို့လိုအပ်ပါတယ်။ Greg McKeown ရေးသားထားတဲ့ Essentialism စာအုပ်ထဲမှာတော့ ဘဝကို အဓိပ္ပာယ်ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တဲ့သူတွေအတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ ဒီစာအုပ်ထဲမှာ Essentialism ရဲ့ နည်းစနစ်တစ်ခုဖြစ်တဲ့ အရေးပါတဲ့အရာတွေကိုပဲလုပ်ပြီး အရေးမပါတာတွေကို ငြင်းဆန်တဲ့ Mindset တစ်ခုကို ဘယ်လိုပျိုးထောင်ရမလဲဆိုတာကိုလဲ ပြောပြပေးပါတယ်။ ဒါ့အပြင် စာဖတ်သူတွေအနေနဲ့ ကိုယ့်ရဲ့အချိန်တွေစွမ်းအင်တွေကို ဘယ်လိုဦးစားပေးသင့်တယ်ဆိုတာတွေ၊ အနှောင့်အယှက်တွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာတွေ၊ Personal Lives နဲ့ Professional …