(75) Multipliers
လုပ်ငန်းခွင်မှာ အလွန်ကွာခြားတဲ့ ခေါင်းဆောင်နှစ်မျိုးနဲ့ ကြုံတွေ့ဖူးကြမှာပါ။ ပထမတစ်မျိုးက သူ့ပတ်ဝန်းကျင်က လူတွေရဲ့ အသိဉာဏ်၊ ခွန်အားနဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းစေပြီး၊ သူကိုယ်တိုင်သာ အတော်ဆုံး အတတ်ဆုံးဖြစ်ကြောင်း ပြသချင်တတ်တယ်။ ဒီလူတွေဟာ အလုပ်ခွင်မှာ Ideas ကောင်းတွေ၊ အရည်အချင်းတွေ၊ စိတ်အားထက်သန်မှုတွေကို ပျောက်ဆုံးစေတယ်။တစ်ဖက်မှာတော့ သူ့ရဲ့ ဉာဏ်ပညာရှိမှုတွေကို အသုံးချပြီး သူ့ဘေးက လူတွေရဲ့ အသိပညာနဲ့ စွမ်းဆောင်ရည်တွေကို တိုးတက်စေနိုင်တဲ့ ခေါင်းဆောင်တွေရှိနေတယ်။ ဒီခေါင်းဆောင်တွေဟာ Multipliers တွေ ဖြစ်ပါတယ်။ Leadership Expert တစ်ယောက်ဖြစ်တဲ့ Liz Wiseman နဲ့ စီမံခန့်ခွဲမှုဆိုင်ရာအကြံပေး Greg McKeown ဟာ အဲ့ဒီ Leadership Style နှစ်မျိုးကို စူးစမ်းလေ့လာခဲ့ပြီး၊ Multipliers တွေဟာ လုပ်ငန်းအပေါ်မှာ အပြုသဘောဆောင်ပြီး အကျိုးအမြတ်ရှိတဲ့ …