(445) Seeing what others don’t

ဆင့်ကဲဖြစ်စဉ်ရဲ့ အမှန်တကယ်ဖြစ်ပျက်နေပုံကို Darwin ရဲ့ နားလည်မှု၊ Watson နှင့် Crick တိုရဲ့ DNA ရဲ့ ဖွဲ့စည်းပုံဆိုင်ရာကို ရှာဖွေတွေ့ရှိမှုစတဲ့ ထိုးထွင်းသိမြင်မှုတွေက ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တယ်။ ကျွန်တော်တို့ဟာ ပြဿနာတွေကို ပိုမိုထိရောက်စွာဖြေရှင်းပြီး အလုပ်တွေ မြန်ဆန်စွာ ပြီးမြောက်စေရန်အတွက်၊ ကျွန်တော်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ နေ့စဉ်အလုပ်တွေကို ထိုးထွင်းသိမြင်နိုင်ဖို့ လိုအပ်ပါတယ်။  ဒါပေမယ့် ဒီထိုးထွင်းသိမြင်မှုတွေက ဘယ်အချိန်မှာ ဘယ်လိုဖြစ်ပေါ်လာသလဲ၊ ဘယ်အရာတွေက အတားအဆီးဖြစ်စေသလဲကို ကျွန်တော်တို့ သေချာ မသိရှိကြသေးဘူး။ ဒါကြောင့် နာမည်ကြီး စိတ်ပညာရှင် Gary Klein က ဒီလျှို့ဝှက်ဆန်းကြယ်မှုကို “Seeing What Others Don’t” စာအုပ်မှာ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။