Author Name: Fumitake Koga and Ichiro Kishimi
(291) The Courage to be disliked
ပျော်ရွှင်မှုဟာ ကိုယ်တိုင်ရွေးချယ်ယူရတဲ့ အရာလား? ဒီမေးခွန်းကို “The Courage to Be Disliked” စာအုပ်ထဲမှာ အရိုးရှင်းဆုံး၊ အပွင့်လင်းဆုံး ပြောပြသွားခဲ့ပါတယ်။ Alfred Adler ရဲ့ သီအိုရီတွေကို အသုံးချပြီး စာအုပ်ထဲမှာ အတွေးအခေါ်ပညာရှင်ကြီး တစ်ဦးနဲ့ လူငယ်လေးတစ်ဦး ကြားက စကားပြောနေတဲ့ ပုံစံနဲ့ ရေးသားထားပါတယ်။ Conversation ငါးခုနဲ့အတူ အတွေးအခေါ်ပညာရှင်ကြီးဟာ သူ့ရဲ့ ကျောင်းသားလေးကို သင်ပြပေးထားပါတယ်။ အသိပညာများစွာပါဝင်တဲ့ “The Courage to Be Disliked” စာအုပ်ဟာ ကိုယ်တိုင် ခွင့်လွှတ်မှု၊ ဂရုစိုက်မှုနဲ့ စိတ်ရှင်းလင်းမှု သဘောတရားတွေကို လမ်းပြပေးသွားမှာပါ။ ဒီနက်ရှိုင်းတဲ့ အတွေးအခေါ်တွေဟာ သင့်ကို ပြောင်းလဲဖို့အတွက် ရဲရင့်လာစေပြီး၊ သင့်ကိုယ်သင် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို လစ်လျူရှုနိုင်မှာ ဖြစ်ပါတယ်။ …