(529) The Power Of Focus

Frank Knoll ရေးသားထားတဲ့ The Power of Focus ဆိုတဲ့ စာအုပ်လေးကတော့ ဘဝအတွက် ပိုမိုခိုင်မာတဲ့ အသိအမြင်တွေရှိဖို့အတွက်နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အာရုံစူးစိုက်မှု စွမ်းအား ပိုမို ရရှိစေဖို့အတွက် ရေးသားဖော်ပြထားပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်နေ့တာမှာ အာရုံစိုက်ရန်ကိစ္စရပ်တွေ များပြားနေတတ်ပါတယ်။ ဒီလိုအခိုက်အတန့်တွေမှာ အချိန်ကြာမြင့်စွာ အာရုံပြန့်လွင့်မနေဘဲ လုပ်ငန်းဆောင်တာတွေကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် စိတ်တွေကိုပြန်လည်စုစည်းနိုင်ဖို့အတွက်လဲ လိုအပ်ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင်တော့ အချိန်ဆွဲခြင်းကနေ အနိုင်ယူနိုင်ဖို့အတွက်၊ နေ့စဉ်ရည်မှန်းချက်တွေကို ဖန်တီးနိုင်ဖို့အတွက်၊ ပိုမိုအောင်မြင်တဲ့ နေရာတစ်ခုကိုလျှောက်လှမ်းနိုင်ဖို့အတွက် အချိန်ကို ကောင်းမွန်စွာ စီမံခန့်ခွဲပုံတွေ၊ အရေးကြီးသည့်အရာများကို ဦးစားပေးနိုင်မယ့် နည်းလမ်းတွေနဲ့ အာရုံစူးစိုက်မှုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို နားလည်ရလွယ်ကူပြီး လိုက်ပါလုပ်ဆောင်ရလွယ်ကူစေမယ့် နည်းလမ်းတွေနဲ့ လမ်းညွှန်ဖော်ပြထားပါတယ်။

(529) The Power Of Focus Read More »