(558) The Power of Meaning
Emily Esfahani Smith ရေးသားထားတဲ့ “The Power of Meaning: Crafting a Life That Matters” ဆိုတဲ့ စာအုပ်လေးကတော့ ဘဝအဓိပ္ပာယ်နဲ့ ရည်ရွယ်ချက်တွေအတွက် အခြေခံလူ့လိုအပ်ချက်တွေအကြောင်းကို ဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာရေးသူက ကျွန်တော်တို့ရဲ့ဘဝမှာ အမှန်တကယ် စိတ်ကျေနပ်မှုတွေနဲ့ ပြည့်စုံမှုတွေကို ရရှိစေနိုင်မယ့် အရာတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်လမ်းညွှန်ထားပေးပါတယ်။ ယနေ့ခေတ်လိုမျိုး ခေတ်သစ်လူ့အဖွဲ့အစည်းမှာ လူများစွာတွေ့ကြုံနေရတဲ့ မကျေနပ်မှုနဲ့ အချည်းနှီးဖြစ်သလိုခံစားရမှုတို့ကို ကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် စာရေးသူက သုတေသနတွေ့ရှိချက်တွေ၊ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်တဲ့ သီအိုရီတွေနဲ့ ဖော်ပြထားပြီး ကျွန်တော်တို့ရဲ့ ဘဝမှာ ပြုစုပျိုးထောင်ဖို့အတွက် အရေးကြီးတဲ့ ကဏ္ဍတွေအကြောင်းကို နားလည်လွယ်အောင်ရှင်းလင်းဖော်ပြထားပါတယ်။ တကယ်လို့ မိတ်ဆွေက ကိုယ့်ရဲ့ ဘဝကို တွေးတောဆင်ခြင်ပြီး အဓိပ္ပါယ်မြှင့်တင်နိုင်ဖို့ အခွင့်အလမ်းတွေရှာဖွေလိုတယ်ဆိုရင်၊ ဘဝမှာ …