Author Name: Eben Pagan
(145) Opportunity
လူသိများတဲ့ စွန့်ဦးတီထွင် ဆရာတစ်ယောက်နဲ့ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံသူ Eben Pagan ဟာ အခွင့်အလမ်းနဲ့ ပတ်သက်ပြီး နာရီပေါင်းများစွာ လေ့လာနေခဲ့ပါတယ်။ အောင်မြင်နေတဲ့ စွန့်ဦးတီထွင်တွေ၊ မီလီယံနာနဲ့ ဘီလီယံနာများစွာကို အင်တာဗျူးပြီး နောက်မှာတော့ Eben ဟာ အောင်မြင်နေတဲ့ သူတွေမှာ တူညီတာတစ်ခုကို တွေ့ရှိခဲ့တယ်။ သူတို့တွေဟာ အခွင့်အလမ်းတွေ ရှာဖွေဖန်တီးရတာ တော်တဲ့အပြင် ဘယ်အပေါ်မှာ လောင်းကြေးထပ်ရမလဲ ဆိုတာပါ ကျွမ်းကျင်ကြတယ်။ ဒီစာအုပ်မှာဆိုရင် သူတို့အသုံးပြုတဲ့ နည်းလမ်းတွေ၊ သင့်ရဲ့အလုပ်ခွင်၊ စီးပွားရေး၊ ငွေကြေး၊ ဘဝမှာပါ အခွင့်အလမ်းကောင်းတွေ ရှာဖွေဖန်တီးနိုင်ပုံကို ပြသသွားမှာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာဆိုရင် – အခွင့်အလမ်းဆိုတာဘာလဲ၊ ဘယ်လို အလုပ်လုပ်သလဲ၊ ဘယ်လိုရှာဖွေရမလဲ? – စွန့်ဦးတီထွင်နဲ့ ရင်းနှီးမြှုပ်နှံသူတွေ ကြီးမားတဲ့ အပြောင်းအလဲတွေကို အခွင့်အလမ်းတွေအဖြစ် …