(523) Breaking the habit of being yourself
လူအများစုရဲ့ အောင်မြင်မှုကို တားဆီးနေတဲ့ အကြောင်းအရင်းက ဦးနှောက်ထဲက အဖျက်သဘောဆောင်တဲ့ တွေးနေကျ အတွေးတွေ၊ လုပ်နေကျ အပြုအမူတွေကြောင့်ပါ။ ဒီစာအုပ်ထဲမှာတော့ သိပ္ပံနည်းကျ ဦးနှောက်က ဘယ်လိုအလုပ်လုပ်လဲ၊ မကောင်းတဲ့ အလေ့အကျင့်တွေကို ဘယ်လိုချိုးဖျက်ရမလဲ၊ ကောင်းမွန်တဲ့ အပြောင်းအလဲ ဖြစ်လာဖို့ စိတ်ကို ဘယ်လို reprogram လုပ်မလဲ စတာတွေကို ပြောပြထားပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ အတွေးတွေ၊ စိတ်ခံစားချက်တွေ၊ အပြုအမူတွေကို ပြောင်းလဲနိုင်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကိုလည်း လေ့လာရမှာပါ။ ဒီစာအုပ်ကိုတော့ မကောင်းတဲ့ အလေ့အကျင့်တွေကို ချိုးဖျက်ပြီး ဘဝကို ပြောင်းလဲချင်တဲ့သူတိုင်း မဖြစ်မနေ ဖတ်ရှုသင့်ပါတယ်။