(594) Be Your Future Self Now

Benjamin Hardy ရေးသားထားတဲ့ “Be Your Future Self Now: The Science of Intentional Transformation” ဆိုတဲ့ စာအုပ်ကတော့ လူတစ်ဦးချင်းစီအတွက် ကိုယ့်ရဲ့ အနာဂတ်ကို တက်ကြွစွာပုံဖော်နိုင်ရန်အတွက် ဗျူဟာတွေကို ဖော်ပြထားတဲ့ Self-help စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Benjamin Hardy ကတော့ စိတ်ပညာရှင်တစ်ဦးဖြစ်သလို self-improvement expert တစ်ဦးလဲဖြစ်သည့်အလျှောက် ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတွေ ပြုလုပ်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို ဒီစာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။ ရည်မှန်းချက်တွေ ချမှတ်တဲ့နေရာမှာ ပြတ်သားမှုရဲ့ အရေးပါမှုအကြောင်းနဲ့ ရည်မှန်းချက်များချမှတ်ပြီး လုပ်ဆောင်ချက်တွေကို မိမိအလိုရှိတဲ့ အနာဂတ်ဆီ ဖန်တီးနိုင်ကြောင်းဖော်ပြထားတဲ့အပြင်၊ တိုးတက်မှုကို ဟန့်တားစေနိုင်တဲ့ အတားအဆီးတွေ၊ ဆုတ်ယုတ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် လက်တွေ့ကျတဲ့ နည်းဗျူဟာတွေအကြောင်းကိုလဲ ဖော်ပြထားပါတယ်။ […]

(594) Be Your Future Self Now Read More »