(345) The Four Agreements

“The Four Agreements” စာအုပ်ထဲမှာဆိုရင် စာရေးဆရာ Don Miguel Ruiz ဟာ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကို ပျက်စီးစေသလို၊ မလိုအပ်တဲ့ နာကျင်မှုတွေကို ဖန်တီးစေတဲ့ ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေရဲ့ အရင်းအမြစ်ကို ပြသသွားခဲ့တယ်။ ဒီစာအုပ်ဟာ လွတ်လပ်မှု၊ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေကို တွေ့ကြုံခံစားနိုင်စေဖို့ ကျွန်တော်တို့ရဲ့ ဘဝကို ပြောင်းလဲစေနိုင်မယ့် နည်းစနစ်တွေ ပြသသွားမှာပါ။ ကိုယ့်ရဲ့ စကားလုံးတွေကို သတိထားဖို့၊ အရာရာကို ကိုယ်ရေးကိုယ်တာအဖြစ် မမှတ်ယူဖို့၊ ခန့်မှန်းချက်တွေမလုပ်ဖို့၊ အမြဲတမ်း အကောင်းဆုံးကြိုးစားဖို့ စတဲ့ ကိုယ်ကိုယ်တိုင်နဲ့ ပြန်ညှိယူရမယ့် သဘောတူညီချက် (4) ချက်အကြောင်းကို “The Four Agreements” စာအုပ်ထဲမှာ ပြည့်စုံစွာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။