(619) The Future of the Professions
The Future of the Professions စာအုပ်ကတော့ (၂၁) ရာစုမှာ ပြောင်းလဲလာတဲ့ အလုပ်အကိုင် Profession အကြောင်းကို ဝေဖန်စီစစ်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ဒီစာအုပ်ရဲ့ စာရေးသူနှစ်ဦးဖြစ်တဲ့ Richard E. Susskind နဲ့ Daniel Susskind တို့က အင်တာနက်ခေတ်မှာ နည်းပညာကိုအခြေခံပြီး အစားထိုးပျောက်ကွယ်နိုင်မယ့် အလုပ်အကိုင် (Profession) တွေအကြောင်းကို သုတေသနလေ့လာချက်တွေပေါ် မူတည်ပြီး ရေးထားပါတယ်။