(150) The Startup Checklist
‘The Startup Checklist’ စာအုပ် ဟာဆိုရင် စွန့်ဦးတီထွင်တိုင်းအတွက် အကောင်းဆုံး လမ်းပြမြေပုံ တစ်ခုဖြစ်ပါတယ်။ တခြား စွန့်ဦးတီထွင် စာအုပ်တွေက မဟာဗျူဟာတွေ အပေါ် အာရုံစိုက်ကြပေမယ့်၊ ဒီလမ်းပြစာအုပ်ကတော့ သင့်ရဲ့လုပ်ငန်းအသစ်ကို ခိုင်မာတဲ့ စတင်မှုတစ်ခု ဖြစ်စေမယ့် အဆင့်ဆင့်ကို ပြသသွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းသစ်တွေရဲ့ သုံးပုံနှစ်ပုံက မခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေပေါ်မှာ တည်ဆောက်ထားကြပြီး၊ ကုန်ကျစရိတ်တွေကလည်း စတင်ပုံ မမှန်ကန်ခဲ့တာကြောင့် တရားဥပဒေနဲ့ တခြားလက်တွေ့ဘဝ ပြဿနာတွေကို ဖြေရှင်းရင်း ကုန်ဆုံးနေကြတယ်။ ဒီစာအုပ်ဟာဆိုရင် ရှုပ်ပွပြီး အကုန်အကျများတဲ့ ဖြေရှင်းစရာတွေက ရှောင်လွှဲနိုင်ဖို့ လုပ်ဆောင်ရမယ့် Actions တွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာဆိုရင်- – ရှုပ်ထွေးပွေလီတဲ့ တရားဝင် လုပ်ငန်းသစ်တစ်ခု စတင်လည်ပတ်ပုံ ကိစ္စတွေကို နားလည်သဘောပေါက်စေပုံ – …