(32) Rework
သင်ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်၊ Business Plan တစ်ခု ဘယ်လို ချမှတ်ရမှန်းမသိသေးသူတစ်ယောက်၊ဒါမှမဟုတ် ကိုယ်ပိုင် Business တစ်ခု စတင်ဖို့ ဘယ်က စတင်ရမှန်းမသိသေးတဲ့သူတစ်ယောက်ဆိုရင် “REWORK” ဆိုတဲ့စာအုပ်လေးကို မဖြစ်မနေဖတ်ကြည့်ဖို့ အကြံပြုပါရစေ။ စာအုပ်ကိုရေးသားတဲ့ Founders တွေဖြစ်တဲ့ David Heinemeier & Jason Fried တို့နှစ်ဦးဟာ Basecamp လို့ခေါ်တဲ့ Project Managemet Tool ကို ဖန်တီးခဲ့ပြီး အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ REWORK ဆိုတဲ့စာအုပ်လေးဟာဆိုရင်လည်း သူတို့ရဲ့တွေ့ရှိချက်တွေအပေါ်အခြေခံပြီး Notes အဖြစ် ပြန်လည် ရေးသားထားတာလည်း ဖြစ်ပါတယ်။ ပုံမှန် စီးပွားရေးအကြံပေးစာအုပ်အများစုမှာဆိုရင် Business Plan ချမှတ်နည်းတွေ၊ ကိုယ့်ပြိုင်ဘက် Competitors နဲ့ပတ်သက်ပြီး လေ့လာသင့်တဲ့အချက်တွေ၊ လုပ်ငန်းအတွက်ရင်းနှီးမြှုပ်နှံမှုရှာပုံတွေ စတဲ့အကြောင်းအရာတွေကိုပဲ အလေးပေးရေးသားဖော်ပြကြတာ များပါတယ်။ …