(388) The Compound Effect

“The Compound Effect” စာအုပ်ဟာဆိုရင် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တိုင်းက၊ ကိုယ့်ဘဝရဲ့ ပန်းတိုင်ကို ပုံဖော်ပေးနေတယ်ဆိုတဲ့ ဥပဒေသအပေါ်မှာ အခြေခံရေးသားထားပါတယ်။ ကိုယ်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းက ကိုယ်လိုချင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေသလို၊ ဒုက္ခတွေကိုလည်း ယူဆောင်လာနိုင်စေပါတယ်။ “The Compound Effect” စာအုပ်ထဲမှာဆိုရင် စာရေးဆရာ Darren Hardy ဟာ စီးပွားရေး၊ ဆက်ဆံရေးနဲ့ တခြားနယ်ပယ်တွေ‌မှာ အောင်မြင်နိုင်စေမယ့် အခြေခံကျတဲ့ နည်းဥ‌ပဒေသတွေကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒီအသုံးချရလွယ်တဲ့ နည်းစနစ် အဆင့်ဆင့်တွေက သင့်ရဲ့ အောင်မြင်မှုတွေ ဆပွားစေသလို၊ သင်လိုချင်တဲ့ တိုးတက်မှုတွေလည်း ယူဆောင်လာနိုင်စေမှာ ဖြစ်ပါတယ်။