(353) Think Straight
လူတွေဟာ အချိန်အများစုမှာ တွေးနေတယ်၊ စိတ်ပူနေတယ်၊ ဖိအားတွေများရင်း ကြောက်ရွံနေကြတယ်။ ကျွန်တော်တို့ အတွေးတွေရဲ့ 99% က အသုံးမဝင်တတ်ဘူး။ လက်တွေ့ကျသူတွေဟာ စိတ်ကို Tool တစ်ခုလို အသုံးချနိုင်တယ်လို့ ယုံကြည်တယ်။ သင်က သင့်စိတ်အတွက် အလုပ်လုပ်ဖို့ထက်၊ သင်က သင့်စိတ်ကို စေခိုင်းနိုင်ဖို့ လိုအပ်တယ်။ သင့်ရဲ့ စိတ်ကို လုံလောက်တဲ့ လေ့ကျင့်မှုတွေနဲ့ဆို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်။ ဒီအတွက် စာရေးဆရာ Darius Foroux ကိုယ်တိုင် သူ့စိတ်ကို Control လုပ်နိုင်ခဲ့ပုံကို “Think Straight” စာအုပ်မှာ လေ့လာရမှာပါ။ စာအုပ်ပြီးသွားတဲ့နောက်မှာတော့ သင့်ရဲ့ နေ့စဉ်ဘဝက တွေးတောပုံတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။ သင့်ရဲ့ စိတ်ကို ထိန်းချုပ်ပြီး၊ နေ့စဉ်ဘဝ၊ အလုပ်ခွင်၊ ဆက်ဆံရေး၊ စီးပွားရေး …