(449) Scorecard Marketing
လုပ်ငန်းလုပ်တဲ့အခါ ဖောက်သည်တွေ ရချင်တယ်၊ အမြတ်ငွေ တိုးချင်တယ်၊ လုပ်ငန်းတိုးတက်ချင်တယ် ဆိုရင် လူတွေ စုံစမ်းမေးမြန်းလာဖို့ အရေးကြီးပါတယ်။ဒီစာအုပ်ထဲမှာတော့ စုံစမ်းမေးမြန်းမှုတွေ ဖြစ်လာဖို့ လုပ်ရမဲ့ အဆင့် (4) ဆင့်ကို အဓိက ပြောပြထားပါတယ်။ ပြီးတော့ လူတွေဝယ်ဖို့ လိုအပ်တဲ့ အဓိကအကြောင်းအရင်း (3) ခု၊ Customer data တွေကို ပိုရနိုင်ဖို့ လုပ်ရမဲ့ အချက်တွေ၊ ဖောက်သည်တိုင်းကို Personalization လုပ်ပြီး ဆက်ဆံတတ်ဖို့ စတဲ့အကြောင်းအရာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ဒီစာအုပ်ကို ဘယ်လိုလူတွေ ဖတ်သင့်လဲ?စီးပွားရေးလုပ်ငန်းရှင်တွေ၊ Consultant တွေ၊ Marketer တွေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ပဲ ဖြစ်ပါတယ်။