Daniel Levitin
(699) The Organized Mind
Daniel Levitin ရေးသားထားတဲ့ “The Organized Mind” ဆိုတဲ့ စာအုပ်ကတော့ ခေတ်မီတိုးတတ်လာတဲ့ ယနေ့ခေတ်အချိန်ခါမှာ ကျွန်တော်တို့တွေကြုံတွေ့နေရတဲ့ သတင်းအချက်အလက်တွေကို စီမံခန့်ခွဲနိုင်ဖို့အတွက်နဲ့ အကျိုးရှိစေဖို့အတွက် ရည်ရွယ်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာရေးဆရာ Daniel Levitin ကတော့ သိမှုပိုင်းဆိုင်ရာ စိတ်ပညာရှင်တစ်ဦးလဲဖြစ်ပြီး၊ အာရုံကြောသိပ္ပံပညာရှင် တစ်ဦးလဲဖြစ်ပါတယ်။ “The Organized Mind” ဆိုတဲ့ စာအုပ်ထဲမှာဆိုရင်တော့ စာရေးသူက ဆုံးဖြတ်ချက်ချခြင်း၊ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကိုထိခိုက်စေတဲ့ သိမြင်မှုဆိုင်ရာ အကြောင်းတွေအပြင်၊ နည်းပညာကို ထိထိရောက်ရောက်အသုံးချစေနိုင်ဖို့ အကြောင်းအရာတွေကိုလဲ ဆွေးနွေးထားပါတယ်။ တကယ်လို့ မိတ်ဆွေက သိမြင်မှုဆိုင်ရာအကြောင်းတွေကို ပိုနားလည်သဘောပေါက်လိုတယ်ဆိုရင်၊ ဘဝမှာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ဦးတည်လိုတယ်ဆိုရင်၊ ဘဝရဲ့ အရည်အသွေးတွေကို ပိုပြီး စနစ်တကျ မြှင့်တင်လိုတယ်ဆိုရင် ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။