Daniel H. Pink

(278) To sell is human

“To Sell Is Human” စာအုပ်ဟာ ရောင်းချခြင်းနဲ့ပတ်သက်ပြီး သစ်လွင်တဲ့အမြင်တွေကို ပေးစွမ်းသွားခဲ့ပါတယ်။ သူ့ရဲ့ Drive နဲ့ A Whole New Mind စာအုပ်ထဲကအတိုင်းပဲ၊ စာရေးဆရာ Daniel H. Pink ဟာ သူတင်ပြထားတဲ့ Insights တွေအတွက် တန်ဖိုးရှိတဲ့ Social Science အသိပညာများစွာကို ထည့်သွင်းရေးသားသွားခဲ့ပါတယ်။ စာရေးဆရာဟာ Extraverts တွေကဘာလို့ အကောင်းဆုံး အရောင်းဝန်ထမ်းတွေ မဟုတ်သလဲ၊ တခြားလူတွေကို Action တစ်ခုယူစေဖို့ ABCs နည်းလမ်းအသစ် စတာတွေကို ရှင်းပြသွားခဲ့တယ်။ လမ်းတစ်လျှောက်မှာ စာရေးဆရာဟာ Elevator Pitch ရဲ့ ဆက်ခံသူခြောက်ယောက်၊ တစ်ဖက်သူရဲ့ အမြင်ကို နားလည်ဖို့ စည်းမျဉ်းသုံးခု၊ ကိုယ့်ရဲ့ Message ကို […]

(278) To sell is human Read More »

(277) Drive

လူအများစုက ငွေကြေးတို့လို ဆုလာဘ်တွေဟာ Motivation ရဖို့ အကောင်းဆုံးနည်းလမ်းလို့ ယုံကြည်ထားကြတယ်။ ဒါကမှားယွင်းမှုတစ်ခုပဲလို့ Daniel H. Pink က ထောက်ပြသွားခဲ့ပါတယ်။ သူ့ရဲ့ ‘Drive’ စာအုပ်ထဲမှာဆိုရင် နေရာတိုင်းမှာ စွမ်းဆောင်ရည်မြင့်ဖို့နဲ့ စိတ်ကျေနပ်မှု ရရှိနိုင်ဖို့ လျှို့ဝှက်ချက်က ကိုယ့်ဘဝကိုယ် ညွှန်ပြနိုင်ဖို့၊ အသစ်တွေ သင်ယူဖို့၊ တိုးတက်ဖို့ လိုအပ်ချက်တွေ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ လူသားတွေရဲ့ Motivation ကို စူးစမ်းလေ့လာမှုတွေနဲ့အတူ၊ စာရေးဆရာဟာ စစ်မှန်တဲ့ Motivation ရဲ့ Elements သုံးခုဖြစ်တဲ့ Autonomy, Mastery, Purpose တွေအကြောင်းကို စူးစမ်းသွားပြီး၊ ဘဝကိုအပြောင်းအလဲဖြစ်စေမယ့် Action တွေယူနိုင်မယ့် နည်းစနစ်တွေကို ပြသသွားမှာ ဖြစ်ပါတယ်။

(277) Drive Read More »

(276) When

လူတွေအားလုံး Timing ကိုက်ဖို့ အရေးကြီးကြောင်း သိမြင်ကြပေမယ့် Timing နဲ့ပတ်သက်ပြီးတော့ သေချာသိပ်မသိကြဘူး။ ကျွန်တော်တို့ဘဝက ဘယ်အချိန်မှာ ဘာလုပ်မလဲဆိုတဲ့ When ဆုံးဖြတ်ချက်များစွာကို ချမှတ်နေကြရတယ်။ ဒါတောင်မှ ဒီဆုံးဖြတ်ချက်တွေကို ခန့်မှန်းမှုနဲ့ပဲ ချမှတ်နေကြတယ်။ Timing ဆိုတာ အနုပညာတစ်မျိုးပါပဲ။ ‘When’ စာအုပ်မှာဆိုရင် စာရေးဆရာ Pink ဟာ Timing က သိပ္ပံပညာဖြစ်ကြောင်းကို ပြသသွားခဲ့တယ်။ ဇီဝဗေဒ၊ စီးပွားရေး၊ စိတ်ပညာစတဲ့ ပညာရပ်နယ်ပယ်တွေမှာ စူးစမ်းလေ့လာသွားပြီး၊ ဘဝကိုအကောင်းဆုံး နေထိုင်ပုံ၊ အလုပ်လုပ်ပုံ၊ အောင်မြင်နိုင်ပုံတွေ ပြောပြသွားခဲ့ပါတယ်။  ‘When’ စာအုပ်ထဲမှာဆိုရင် စာရေးဆရာရဲ့ Timing အကြောင်း နောက်ဆုံးပေါ် Data တွေ၊ Research တွေနဲ့အတူ စာဖတ်သူတွေကို ပိုပြီးပြည့်စုံတဲ့ ဘဝကိုနေထိုင်နိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။ 

(276) When Read More »

Toe Tet's Logo