(713) The Talent Code

Daniel Coyle ရေးသားထားတဲ့ “The Talent Code” ဆိုတဲ့ စာအုပ်ကတော့ လူတွေရဲ့ ထူးခြားတဲ့စွမ်းရည်တွေကို ဘယ်လိုရယူနိုင်မလဲဆိုတာကို ရည်ရွယ်ပြီး စွမ်းရည်နဲ့ ကျွမ်းကျင်မှုဆိုင်ရာတွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သဘောတရားတွေအကြောင်းကို ဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာဆိုရင်တော့ အရည်အချင်းဆိုတာက မျိုးရိုးဗီဇကနေ ဆင်းသက်လာတာ မဟုတ်ကြောင်း၊ အလေ့အကျင့်တစ်ခုအနေနဲ့ ပြုစုပျိုးထောင်ပေးနိုင်ကြောင်းဖော်ပြထားပါတယ်။ Daniel Coyle ရဲ့ လက်တွေ့ဘဝနမူနာတွေ၊ သိပ္ပံဆိုင်ရာ ထိုးထွင်းသိမြင် နားလည်မှုအကြောင်းတွေနဲ့ လူသားတွေရဲ့စွမ်းရည်တွေကို အမြင့်ဆုံးချဲ့ထွင်မယ့် အကြောင်းတွေကို လိုက်ပါဆောင်ရွက်နိုင်တဲ့ နည်းလမ်းလေးတွေနဲ့တကွဖော်ပြထားတဲ့အတွက် “The Talent Code” ဆိုတဲ့ စာအုပ်ကတော့ မိတ်ဆွေတို့ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါဘဲ။