(103) Never Split the Difference
Kansas မြို့ပေါ်က ကြမ်းတမ်းတဲ့ လမ်းတွေမှာ ရဲသားတစ်ယောက်တာဝန်ကို ထမ်းဆောင်ပြီးချိန်မှာတော့ Chris Voss ဟာ FBI ကို ရောက်လာခဲ့တယ်။ အဲ့ဒီမှာ ဓားစာခံညှိနှိုင်းဆွေးနွေးသူ တစ်ယောက်အဖြစ် တာာဝန်ယူရချိန်မှာ ဘဏ်ဓားပြကစလို့ အကြမ်းဖက်သမားတွေထိ အမျိုးမျိုးသော ရာဇဝတ်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်။ သူ့ Profession ရဲ့ အအောင်မြင်ဆုံးချိန်မှာတော့ FBI ရဲ့ အပြည်ပြည်ဆိုင်ရာ ပြန်ပေးဆွဲမှု ညှိနှိုင်းဆွေးခြင်း ဦးဆောင်သူတစ်ယောက် ဖြစ်လာခဲ့တော့တယ်။ `Never Split the Difference´ စာအုပ်ဟာဆိုရင် စာရေးဆရာရဲ့ အတွေ့အကြုံတွေထဲက ကမ္ဘာ့အကြီးကျယ်ဆုံး ညှိနှိုင်းမှုတွေကို ခေါ်ဆောင်သွားပြီး၊ သူနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အသက်ကယ်တင်ရာမှာ အောင်မြင်စေခဲ့တဲ့ အရေးကြီးဆုံး Skills တွေကို ပြသသွားမှာပဲ ဖြစ်ပါတယ်။ ဒီလက်တွေ့ဆန်တဲ့ လမ်းပြမှုတွေမှာဆိုရင် သူ့ရဲ့ အံ့ဩဖွယ် …