(275) Hyper Focus
လူအများစုက Multitask လုပ်ခြင်းက ဦးနှောက်အတွက် မကောင်းတာကို သိမြင်ကြပေမယ့်၊ ဆက်လုပ်ဖြစ်နေကြတယ်။ ကိုယ့်ဘဝကို သတိလက်လွတ်၊ အာရုံလွင့်စရာတွေနဲ့ အပြည့်ဖြည့်ထားကြတယ်။ ‘Hyperfocus’ စာအုပ်ဟာ သင့်ရဲ့အာရုံစူးစိုက်မှုကို အကောင်းဆုံး ပြန်လည်ရယူပြီး၊ တစ်နေ့လုံး ရည်ရွယ်ချက်၊ စွမ်းဆောင်ရည်တွေ အားကောင်းနေစေမှာ ဖြစ်ပါတယ်။Neuroscience ရှာဖွေတွေ့ရှိမှုတွေအရ ဦးနှောက်မှာ အလုပ်ပြီးမြောက်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ Focus Mode နဲ့ Ideas တွေကို ဆက်စပ်ပေးတဲ့ Creative Mode ဆိုပြီး Mode နှစ်မျိုးရှိတယ်လို့ ဆိုပါတယ်။ ‘Hyperfocus’ စာအုပ်ဟာ ပိုပြီးနက်နဲစွာ တွေးခေါ်နိုင်အောင်၊ နေ့စဉ်ရည်ရွယ်ချက်ရှိရှိ နေနိုင်အောင် Mental Modes နှစ်ခုကို ရယူနိုင်ပုံကို ပြသသွားမှာ ဖြစ်ပါတယ်။သင့်ရဲ့ အာရုံစိုက်မှုနဲ့ ပတ်သက်ပြီး တွေးခေါ်ပုံကို ပြောင်းလဲစေမယ့် ‘Hyperfocus’ စာအုပ်ဟာ …