(301) Decisive
စိတ်ပညာဆိုင်ရာ လေ့လာတွေ့ရှိမှုတွေအရ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘက်လိုက်မှု၊ ယုတ္တိမရှိခြင်းတွေရဲ့ နှောင့်ယှက်ခြင်းကို ခံနေရကြောင်း ထုတ်ဖော်ခဲ့ကြတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲတတ်တယ်၊ အရေးမကြီးတဲ့ Information တွေ လိုက်ရှာမိတတ်တယ်၊ ခဏတာ စိတ်ခံစားမှုတွေနောက် လိုက်မိကြတယ်။ ဒါပေမယ့် ဒီလိုအပ်ချက်တွေကို သတိထားမိရုံနဲ့ ပြဿနာတွေ မပြေလည်သွားနိုင်ပါဘူး။ “Decisive” စာအုပ်ထဲမှာဆိုရင် စာရေးဆရာဟာ ဆုံးဖြတ်ချက်ချမှတ်မှုဆိုင်ရာ စာပေများစွာအပေါ် အခြေခံပြီး ဒီဘက်လိုက်မှုတွေကို ဖြေရှင်းနိုင်မယ့် အဆင့်လေးဆင့်ကို မိတ်ဆက်သွားခဲ့ပါတယ်။ “Decisive” စာအုပ်ထဲမှာဆိုရင် ဆုံးဖြတ်ချက်ကြောင့် နာကျင်ရတာတွေ တားဆီးနိုင်ပုံ၊ Group အလိုက် ဆုံးဖြတ်ချက်ချမှတ်နိုင်ပုံ၊ လမ်းကြောင်းပြောင်းဖို့ တန်ဖိုးရှိတဲ့ အခွင့်အရေးတွေ လက်လွတ်မခံပုံ စတာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ “Decisive” စာအုပ်ဟာ စာဖတ်သူတွေကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ …