(274) Power of Habit
‘The Power of Habit’ စာအုပ်ထဲမှာဆိုရင် စာရေးဆရာ Charles Duhigg ဟာ အလေ့အကျင့်တွေ ဘာကြောင့်တည်ရှိနေသလဲ၊ ဘယ်လိုပြောင်းလဲနိုင်သလဲ ဆိုတာကို သိပ္ပံနည်းကျ ရှင်းပြသွားခဲ့ပါတယ်။ Procter & Gamble ရဲ့ ရုံးခန်းထဲကနေစလို့ လူမှုတန်းတူညီမျှမှု အခွင့်အရေး တောင်းဆိုမှုတွေရဲ့ ရှေ့တန်းထိ မတူညီတဲ့ ရှု့ထောင်ပေါင်းစုံကနေ၊ ကျယ်ပြန့်တဲ့ အချက်အလက်များစွာကို ပေးစွမ်းသွားခဲ့ပါတယ်။ ‘The Power of Habit’ စာအုပ်မှာ လေ့ကျင့်ခန်းမှန်ဖို့၊ ဝိတ်ကျဖို့၊ စွမ်းဆောင်ရည်မြင့်ဖို့၊ အောင်မြင်ဖို့ဆိုရင် အလေ့အကျင့်တွေကို နားလည်ထားဖို့လိုကြောင်း ပြောပြသွားခဲ့ပါတယ်။ Duhigg ပြသွားသလိုပဲ သိပ္ပံပညာအသစ်အဆန်းတွေကို အကောင်းဆုံး အသုံးချနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ စီးပွားရေး၊ လူမှုအသိုင်းအဝိုင်း၊ နေထိုင်မှုဘဝတွေကိုပါ ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။